ဒီတပါတ် ဟင်းချက်နည်းကတော့ .......
ထုပ်ထုပ်လေးနဲ့ စားလို့ ကောင်းတဲ့ ခုံးကြက်သွန်ပေါင်း ပင်လယ်စာဟင်းချက်ဖြစ်ပါတယ်။ လုပ်ရတာလွယ်ကူ အချိန်ကုန်သက်သာပြီး စားလို့ လည်းကောင်းလို့ 
ကျမရဲ့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ ။
- ခုံးကောင်လေးများ 470 g (City Mart တွင်ရနိုင်သည်)
- ကြက်သွန်ဖြူ အနည်းငယ်(တောက်တောက်စင်းထားပါ)
- ဆား အနည်းငယ်
- Olive oil(with Garlic) 2 tb sp (City Mart တွင်ရနိုင်သည်)
- နံနံစေ့မှုန့်  1 tsp (City Mart တွင်ရနိုင်သည်)
- ပဲငံပြာရည်အနောက် 2 tb sp
- ပျားရည် အနည်းငယ်
- ဂျင်း လက်တဆစ် (ခြစ်ပေးထားရန်)
- သံပုရာသီး တစ်စိပ်
- ကြက်သွန်မြိတ် အနည်းငယ်
- ရေသန့်  အနည်းငယ်
ခုံးကြက်သွန်ဖြူပေါင်း |
ပထမဆုံး ခုံးကောင်လေးများကို ခွာလိုက်ပါ။ အခွံနှင့်ကပ်နေသောခုံးသားကို ရအောင်ခွာရပါမည်။ အသားပါတဲ့တဖက်ကိုယူပီးလျှင်ရေဖြင့် သန့် ရှင်းစွာဆေးကြောပေးပါ။
အခွံခွာနေစဉ် ပေါင်းမည့်အိုးကို အရင်တည်ထားပါ။ ပြီးလျှင် ခုံးကောင်လေးများကို ပေါင်းအိုးတွင် စီထားပါ။ တောက်တောက်စင်းထားတဲ့ ကြက်သွန်ဖြူများကို ခုံးကောင်လေးတစ်ကောင်စီတွင် အနည်းငယ်စီ ထည့်လိုက်ပါ။ ထို့ နောက် ဆား အနည်းငယ် (ပါသည်ဆိုရုံလေးသာထည့်ပါ) ၊ Olive oil(with Garlic) 1 tb sp ကိုလည်း ခုံးကောင် လေးများပေါ်တွင် မျှပြီးထည့်ပေးပါ။ ပေါင်းမည့် ရေနွေး
ပွက်ပွက် ဆူမှသာ ပေါင်းပေးပါ။ ၁၅ မိနစ်ခန့် ပေါင်း ပြီးလျှင် ပန်းကန်ပြားတွင် စီထားကာ ခုံးကောင်းလေးများပေါ် ကြက်သွန်မြိတ် လေးများထည့် လိုက်ပါ။
ခုံးကြက်သွန်ဖြူပေါင်းအတွက်ဆော့စ် |
နံနံစေ့မှုန့်  |
|
ခုံးကောင်လေးများ ပေါင်းနေစဉ် ဆော့စ်ပြုလုပ်ထားပါမယ်။ ဆော့စ်ပြလုပ်ရန် ဇလုံငယ်လေးတခုတွင်
ပဲငံပြာရည်အနောက် ၊ နံနံစေ့မှုန့်  ၊ Olive oil(with Garlic) 1 tb sp ၊ ဂျင်း ၊ ပျားရည် ၊ သံပုရာသီး ၊ ရေသန့် တို့ ကိုရောနှောပြီး သမအောင်မွှေလိုက်ပါ။ အရသာ အပေါ့အငံမြည်းပြီး ခုံးကောင်လေးများ စီထားတဲ့ ပန်းကန်ပေါ်လောင်းချပြီး ထုပ်ထုပ်လေးနဲ့ စားလို့ ကောင်းတဲ့ ခုံးကြက်သွန်ပေါင်း ပင်လယ်စာဟင်းလေး သုံးဆောင်လို့ ရပါပြီရှင် ။
ခုံးကြက်သွန်ဖြူပေါင်း |
ဒီဟင်းလေးလဲမဆိုဘူး မြနပြီးစားကောင်းမယ့်ပုံလေး
ReplyDeleteThank you,sis,Evy.
Delete