မင်္ဂလာရှိတဲ့နံနက်ခင်းမှာ နံနက်စာအဖြစ် ကောက်ညင်းပေါင်းစားတာဟာ ကျမငယ်ငယ်ကတည်းက အမြဲစားနေကျ နံနက်စာလေးဖြစ်ခဲ့ပါတယ်။ ဒီတခေါက်မှာလည်း စားနေကျ ကောက်ညင်းပေါင်းရိုးရိုးကို
အချိုလေး စမ်းပေါင်း ကြည့်တာ စားရတာ အဆင်ပြေလို့  လုပ်နည်းလေးမျှဝေလိုက်ပါတယ်။ သားသတ်လွတ် စားနေတဲ့ ချစ်မိတ်ဆွေများလည်း လုပ်စားနိုင်ပါတယ်။ ပျော်ရွှင်ကြပါစေ ။
လိုအပ်တာလေးတွေကတော့
- ထိုင်းကောက်ညင်းဆန် (rice cooker) ဆန်ချိန်ခွက် ၄ ခွက်
- ပဲဆီ 2 tb sp
- ဆား 1 tsp
- ခရုဆီ 2 tb sp
- ပဲငံပြာရည်အနောက် 4 tb sp
- နံနံစေ့မှုန့်  2 tb sp
- ငရုတ်ကောင်းမှုန့်  1 tsp
- နာနတ်ပွင့် 5 ပွင့်
- သကြား 1 t sp
- ပုဇွန်ခြောက် (ရေဆေးထားပါ) အနည်းငယ်
အရင်ဆုံး ကောက်ညင်းဆန်ကို ည ကတည်းက ရေစိမ်ထားလိုက်ပါ။ နောက်တနေ့  နံနက်ရောက်လျှင် ရေစစ်ထားပါ။ ပြီးလျှင် ပဲဆီ ၊ ဆား ၊ ခရုဆီ ၊ ပဲငံပြာရည်အနောက် ၊ နံနံစေ့မှုန့်  ၊ ငရုတ်ကောင်းမှုန့်  ၊ နာနတ်ပွင့် ၊ သကြား ၊ ပုဇွန်ခြောက်တို့ ကို ထည့်ပြီး သမအောင်မွှေလိုက်ပါ။
( သားသတ်လွတ်စားချင်လျှင် ပုဇွန်ခြောက်ကိုမထည့်ပဲ ချက်နိုင်ပါသည်။ )
ကောက်ညင်းဆန်ကို(၁)နာရီ နှပ်ထားပါ။ ပြီးလျှင် ပေါင်းလို့ ရပါပြီ။ ၁ နာရီခန့် ပေါင်းပေးပါ။
သိပ်မကျက်သေးလျှင် ရေနည်းနည်းတောက်ပြီး နာရီဝက်ခန့် ထပ်ပေါင်းပေးပါ။
ပေါင်းသည့်ကြာချိန်မှာ ကောက်ညင်း အမျိုးအစားပေါ် မူတည်ပါသည်။
ကောက်ညင်းဆန်ကို(၁)နာရီ နှပ်ထားပါ။ ပြီးလျှင် ပေါင်းလို့ ရပါပြီ။ ၁ နာရီခန့် ပေါင်းပေးပါ။
သိပ်မကျက်သေးလျှင် ရေနည်းနည်းတောက်ပြီး နာရီဝက်ခန့် ထပ်ပေါင်းပေးပါ။
ပေါင်းသည့်ကြာချိန်မှာ ကောက်ညင်း အမျိုးအစားပေါ် မူတည်ပါသည်။
နံနက်စာ ကောက်ညင်းအချိုပေါင်း |
ရှယ်ပဲ ခမ်းရေ သိပ်ကြိုက်တယ်
ReplyDeleteကျေးဇူးပါ စုရေ...ခမ်းလည်းသိပ်ကြိုက်တယ်
ReplyDelete