နဂါးမောက်သီးနှင့်ကျမ
ကျမပြင်ဦးလွင်ရောက်ခါစ အိမ်မှာအချိုပွဲကိုဒီလိုလုပ်စားကြတယ်..ကျမအတွက်တော့ ထူးဆန်းနေခဲ့ပါတယ်။ ဒီနဂါးမောက်သီးကို ရိုးရိုးခွဲစားတတ်တာကလွဲလို့ မသိခဲ့ပါဘူး. နဂါးမောက်သီးမှာ အဖြူသီးနဲ့ အနီသီးနှစ် မျိုးရှိပါတယ်။ နဂါးမောက်သီးဟာ ကျန်းမာရေး အတွက်ကောင်းတယ်လို့  ကျမဖတ်ဖူးတယ်...တရုတ် လူမျိုး တွေတော်တော်များ များတော့ ကြိုက်ကြတယ်..ကျမတို့ အိမ်မှာတော့ နွားနို့ ကို သကြားလေးနဲနဲနဲ့ ဖျော်ပါတယ်။ ပြီးမှအသီးတွေကိုထည့်ပြီး ရေခဲခန်းမှာ ခဏထားလိုက်တယ်.....အဲဒါဆိုရင် အရသာရှိတဲ့ နဂါးမောက်သီးနွားနို့ အချိုပွဲလေးသုံးဆောင်လို့ ရပါပြီ။ နဂါးမောက်သီးကိုကြိုက်ရင် လုပ်စားကြည့်ကြပါနော်..
နဂါးမောက်သီး |
နဂါးမောက်သီး(အနီ) |
အစိပ်လေးတွေစိပ်လိုက်ပါတယ် |
နွားနို့ တခွက်နဲ့  |
အသီးနဲ့ နွားနို့ ရောပြီးစားရင် အရသာရှိတဲ့အချိုပွဲလေးပေါ့။ အချိုပိုကြိုက်ရင် သကြား တဇွန်းလောက်ထည့်စားပေါ့နော်.. |
အဆန်းလေးပဲခမ်း လုပ်စားကြည့်ဦးမယ်
ReplyDeleteThank you,Evy.Pls try naw :)
ReplyDelete