ပင်လယ်ပြင်ကြီးကိုငေးမောကြည့်ရင်း…
အော်…
ငါ့ရဲ့သောကတွေဟာ
ဒီပင်လယ်ပြာကြီးလောက်မများသေး..
ငါ့ရဲ့မျှော်လင့်ချက်တွေဟာ
နေလုံးကြီးရဲ့နောက်မှာ
ကျန်ရှိနေဆဲ..
ငါ့ရဲ့စွမ်းအားတွေကို
လှိုင်းလုံးတွေက
ဖြည့်ပေးနေတုန်း..
ငါ့ရဲ့နှလုံးသားဟာ
သဲသောင်ပြင်လို
နူးညံ့နေမြဲ..
ငါ့ရဲ့ခံယူချက်တွေဟာ
ကျောက်ဆောင်တွေလို
ကြံ့ကြံ့ခံနေသေး..
ငါ့ရဲ့ရည်မှန်းချက်တွေဟာ
ခရုတွေလို
တရွေ့ ရွေ့ သွားနေဆဲ..
ငါ့ရဲ့
အချစ်တွေဟာ
ပင်လယ်ရေလိုပဲ
ပြည့်လျှံနေတုန်း ။ ။
မိုက်တယ် ခမ်းရေ
ReplyDeleteThank you,Su yay :D
ReplyDelete