ဝက်သားမုန်ညင်းချဉ်ကြော်အတွက် လိုအပ်တာလေးကတော့ ၀က်သား(ကြက်သားနဲ့ လည်းချက်နိုင်ပါတယ်) ပန်းကန်လုံး တလုံး ခရမ်းချဉ်သီး တလုံး ဥနီ တ ဥ ကြက်သွန်နီ ၁ ဥ |
မုန်ညင်းချဉ်လေးတွေကို အပိုင်းငယ်လေးများဖြစ်အောင် လှီးထားပါ။
ဆီ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ကို အပူပေးပြီး ၀က်သာကိုအရင်ကြော်ပေးပါ။
ကြက်သွန်နီထည့်ကြော်ပါ။ ဆား အနည်းငယ်ထည့်ပါ။ အနံ့ လေးမွှေးလာလျှင် ဥနီနှင့်
မုန်ညင်းချဉ်တို့ ကို ထည့်ကြော်ပါ။ အသားမှုန့်  1 tsp ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီး
ခဏအုပ်ထားပါ။ ရေခမ်းသွားလျှင် အရသာပေါ့အငံ မြည်း ခရမ်းချဉ်သီးထည့်မွှေပြီး သုံးဆောင်နိုင်ပါပြီ။
ထမင်းမြိန်စေတဲ့ ၀က်သားမုန်ညင်းချဉ်ကြော်
ခမ်းရေ စားသွားပြီနော်
ReplyDeleteစားနော် စုရေ..ခမ်း သိပ်ကြိုက်တာ
Delete