သမီးလေးက ကျောက်ကျော အရမ်းကြိုက်တာမို့ သူ့ ကိုခဏခဏလုပ်ကျွေးဖြစ်ပါတယ်။
ကလေးအတွက် အုန်းနို့ အစား နွားနို့ ကိုသုံးထားပါတယ်။
အုန်းနို့ နဲ့ မတည့်တဲ့ ချစ်မိတ်ဆွေများအတွက် လည်း အဆင်ပြေစေပါတယ်။
ကလေးကို အချိုသိပ်မစားစေချင်တာကြောင့် ကျမ အချိုလျော့ထည့်ထားပါတယ်။
ကလေးကော လူကြီးကော စားရတာ အဆင်ပြေတဲ့အတွက် ကျမရဲ့ လုပ်နည်းလေးကိုမျှဝေလိုက်ပါတယ်။
|
နွားနို့ ကျောက်ကျောအတွက် လိုအပ်တာလေးကတော့
နွားနို့ (မလိုင်ထုတ်ပြီး) 4 cups
သကြား 2 1/2 tb sp
တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့်  3 tsp
ပထမဆုံး နွားနို့ ထဲ သကြားထည့်ပြီး ပွက်အောင်အရင်ကြိုပါ။ ပွက်ပွက်ဆူလာရင် မီးလျော့ပြီး ရေအနည်း ငယ်ဖျော် ထားတဲ့ ကျောက်ကျောမှုန့် ကို ထည့်ပြီး ဝေမကျအောင် ခဏခဏမွှေပေးပါ။ ၁၀ မိနစ်ခန့်  ကြိုပြီးလျှင် နှစ်သက်ရာ ခွက်မှာ အအေးခံထားပါ။ ခဲသွားလျှင် ချိုချိုစိမ့်စိမ့်လေးနဲ့ စားလို့ ကောင်းတဲ့ နွားနို့ ကျောက်ကျော အချိုပွဲလေးကို သုံးဆောင်လို့ ရပါပြီ။
|
|
တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့် ထုပ်
|
e
ReplyDeletethank you firends
ReplyDeleteကျေးဇူး firends
ReplyDelete