မင်္ဂလာပါရှင်......ဒီနေ့ ရိုးရိုးလေးနဲ့  စားလို့ ကောင်းတဲ့ သားသတ်လွတ် မှိုထမင်းသုပ်လေးအကြောင်း ကိုမျှဝေလိုက်ပါတယ်။ ခုလိုမိုးရာသီချိန်ခါမှာ မှိုတွေပေါများလို့ ခဏခဏ၀ယ်စားဖြစ်ပါတယ်။ မှိုကြော် တွေလည်း ဒေါ်လေးဆီက ခဏခဏလက်ဆောင်ရတာနဲ့ အဲဒီမှိုကြော်လေးကို တခုခုလုပ်စား ဖို့ 
စဉ်းစားရင်း မှိုထမင်းသုပ်လုပ်ဖြစ်သွားခဲ့ပါတယ်။ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားရတာ အဆင်ပြေလို့  လုပ်နည်းကို မျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ ။ ။
ဒေါ်လေးဆီက လက်ဆောင်ရတဲ့ မှိုကြော် |
မှိုထမင်းသုပ် သုပ်ပြီး |
အဆင်သင့်သုံးဆောင်နိုင်ပါပြီရှင် |
မှိုထမင်းသုပ်အတွက်လိုအပ်တာလေးတွေကတော့
- ထမင်းဖြူ တရုတ်ပန်းကန်လုံး ၁ လုံး
- ပဲငံပြာရည်အနောက် 1 tb sp
- သံပုရာသီး တစ်စိတ်
- မှိုကြော် အနည်းငယ်
- မှိုကြော်ဆီ အနည်းငယ်
- ငရုတ်သီးဆီချက် အနည်းငယ်
ထမင်းသုပ်နှင့်တွဲဖက်စားရန် ငရုတ်သီးစိမ်း ၂ တောင့် ၊ ဥနီနုနုလေး ၁ ဥ ၊ ခရမ်းချဉ်သီး ၁ လုံး ၊ မုန်ညင်းဖြူ ၁ ရွက် ၊ ကြက်သွန်ဖြူ ၃ ဥ ၊ ပါးပါးလှီးထားတဲ့ သံပုရာသီး ၁ ချပ် တို့ လိုအပ်ပါတယ်။
ပထမဆုံး ထမင်းဖြူကို ဇလုံလေးတခုထဲမှာထည့်ပြီး ပဲငံပြာရည်အနောက် ၊ သံပုရာသီး ၊ မှိုကြော်နှင့်ဆီ ၊ ငရုတ်သီးဆီချက် တို့ ထည့်ပါ။ ပြီးလျှင်လက်အိပ်လေးစွပ်ပြီး သမအောင်နှယ်လိုက်ပါ။ အရသာ အပေါ့အငံမြည်းပြီး သန့် စင်စွာဆေးကြောထားတဲ့ ငရုတ်သီးစိမ်း ၊ ဥနီနုနုလေး ၊ ခရမ်းချဉ်သီး မုန်ညင်းဖြူ ၊ ကြက်သွန်ဖြူ ၊ သံပုသီးချပ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီရှင် ။ ။
No comments:
Post a Comment