အားအင်သစ်
နေ၀င်သွားလည်း စိတ်ဓါတ်မကျပါ
နောက်တစ်နေ့  သူပြန်ထွက်လာမှာမို့ လို့ ပါ။
ညမှောင်အတိကျသွားလည်း ကံဆိုးမိုးမှောင်သွားပြီလို့ မထင်ပါ
နောက်တစ်နေ့  အလင်းရောင်တွေ ပေါ်လာမှာမို့ လို့ ပါ။
မိုးရွာနေချိန်လည်း ၀မ်းနည်းပူဆွေးမှုတွေ ခံစားမနေတော့ပါ
၎င်းတို့ ကို မိုးရေတွေက ဆေးကြောသွားမှာမို့ လို့ ပါ။
မိုးစဲနေအထွက်မှာ ကြည်လင်တဲ့ကောင်းကင်ပြာ ခပ်ကြာကြာမော့ကြည့်ကာ
အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ချိန်မှာ
အားအင်သစ်တွေ
တဖန်...ပြန်လည်ရရှိလာ ။ ။
မှန်လိုက်တာ ခမ်းရေ ဘယ်တော့မှအားမငယ်ဘူး :D
ReplyDeleteကျေးဇူးပါ စုရေ :)
Delete