အလင်းတန်း
အလွန်မာကျောတဲ့
ငါ့နှလုံးသား
မင်းနဲ့ တွေ့ မှ
ယိမ်းယိုင်လာ...
အလွန်အေးစက်တဲ့
ငါ့အကြည့်တွေ
မင်းနဲ့ တွေ့ မှ
နွေးထွေးလာ...
အလွန်ခက်ထန်တဲ့
ငါ့စိတ်ဓါတ်
မင်းနဲ့ တွေ့ မှ
နူးညံ့လာ...
အလွန်မှောင်မိုက်တဲ့
ငါ့ဘ၀အတွက်
မင်းလေးဟာ
အလင်းတန်းလေးပါ ။ ။
No comments:
Post a Comment