အချမ်းလွန်ဒေသမှ တနေ့ တာ
ဒေါင်း...ဒေါင်း....ဒေါင်း...ကြားလိုက်ရပါပြီ..ဆွမ်းခံကြွတဲ့ကြေးစည်သံ..အို..အရုဏ်တက်ပြီ ဆိုတဲ့အသိနဲ့ ဖျက်ခနဲ နိုးထလာခဲ့..အော်..မိုးတောင်မလင်းသေးပါလား..
မျက်နှာသစ်ဖို့ ရေကိုင်ထိမိတော့..ဘုရား...ဘုရား..ရေခဲရေများလားလို့ ထင်..အောင့်အီးသည်းခံပြီး...ခပ်သုတ်သုတ်ပဲရေခဲရေတွေနဲ့ နှစ်ပါးသွားခဲ့လိုက်ရ။
နံက်စာစားချိန် နေမထွက်ခင်မှာနေနှင့်အပြိုင် အလုပ်လုပ်နေသူမို့ နေနံ့ မပျောက်ခင်ရုန်းကန်လှုပ်ရှားနေရ..တစ်မြို့ လုံးမှာ မြူခိုးမြူငွေ့ တွေနဲ့ အုံ့ ဆိုင်းနေ..ရင်ထဲမှာတော့ ဆွေးသလို..လွှမ်းသလိုလိုနဲ့ 
့..ချမ်းအေးလွန်းတဲ့ကြားထဲလေစိမ်းလေးက တဖြူးဖြူး...အိပ်ယာထဲပဲ ကွေးနေရရင်ကောင်းအရိုးထိအောင်စိမ့်ကာခုန်ပေါက်နေရင် သွေးပူလာမယ်ထင်
နေနှစ်စင်းပြိုင်ထွက်ရင်ကောင်းမှာပဲလို့ ..တွေးမိရင်း...ချမ်းစိမ့်စိမ့်နဲ့ ပဲ အိပ်ယာဝင်လိုက်ရပါတော့တယ် ။ ။
ဆိုင်လီခမ်း
No comments:
Post a Comment