ဂိတ်ဆုံးလက်မှတ်
မင်းနဲ့ တွေ့ စဉ် အချိန်ခါကိုယ့် ခြေလက်တွေဟာမြောက်ဝင်ရိုးစွန်းဒေသမှာရေခဲရေနဲ့  အပက်ခံရသလိုအေးစက်ကာသွားတယ်...ကိုယ့်ရင်ခုန်သံတွေဟာပွဲတော်မှာတီးကြတဲ့စည်ကြီးလိုတဒိန်းဒိန်းနဲ့ ဆူညံကာသွားတယ်...
အသက်ရှူရာမှာလည်းနှုတ်ခမ်းနဲ့ ရှူရမှာလား ?နှာခေါင်းနဲ့ ရှူရမှာလား ?အယောင်ယောင် အမှားမှားဖြစ်ကာသွားတယ်...
ဒါပေမယ့်...သူ့ အကြောင်းတွေးလိုက်ရင်ဝိုင် တစ်ခွက်သောက်ရသလိုပဲဘယ်အရာနဲ့ မှ မလဲနိုင်အောင်ရင်ထဲကိုနွေးထွေးကာသွားတယ်...
အသွားလက်မှတ် တစ်စောင်နဲ့ သာမင်းဆီကို နှင်လာခဲ့တဲ့ဒီအချစ်ခရီးလမ်းဟာ ခရီးလွန်နေပြီမို့ ပြန်လည်နောက်ဆုတ်နိုင်စွမ်း မရှိတော့ပါ...
ဘာဖြစ်ဖြစ်မင်းအတွက်တော့ ကိုယ်ဟာပြစ်မှု ကျူးလွန်ထားတဲ့အချစ် တရားခံတယောက်ပါတနေ့ နေ့  တချိန်ချိန်မှာကိုယ်အရိုးသားဆုံးနဲ့ ပဲမင်းရှေ့ မှာ " သိပ်ချစ်တယ် " လို့ ဝန်ခံပါရစေ ချစ်သူ ။ ။
wow ခမ်းရေ အရမ်းမိုက်တယ်
ReplyDeleteThank you,Su.The words came from my heart:)
ReplyDeleteBetter be a poet than a photographer. Great art!
ReplyDeleteThanks,my bro,Arron.I'm trying to be :D
ReplyDelete