Showing posts with label အချိုပွဲများ. Show all posts
Showing posts with label အချိုပွဲများ. Show all posts

Wednesday, August 15, 2012

နွားနို့  ကျောက်ကျော

သမီးလေးက ကျောက်ကျော အရမ်းကြိုက်တာမို့ သူ့ ကိုခဏခဏလုပ်ကျွေးဖြစ်ပါတယ်။
 ကလေးအတွက် အုန်းနို့ အစား နွားနို့ ကိုသုံးထားပါတယ်။ 
အုန်းနို့ နဲ့ မတည့်တဲ့ ချစ်မိတ်ဆွေများအတွက် လည်း အဆင်ပြေစေပါတယ်။
ကလေးကို အချိုသိပ်မစားစေချင်တာကြောင့် ကျမ အချိုလျော့ထည့်ထားပါတယ်။ 
 ကလေးကော လူကြီးကော စားရတာ အဆင်ပြေတဲ့အတွက် ကျမရဲ့ လုပ်နည်းလေးကိုမျှဝေလိုက်ပါတယ်။ 

နွားနို့ ကျောက်ကျောအတွက် လိုအပ်တာလေးကတော့


နွားနို့ (မလိုင်ထုတ်ပြီး)                               4 cups
သကြား                                                 2 1/2 tb sp
တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့်             3 tsp


ပထမဆုံး နွားနို့ ထဲ သကြားထည့်ပြီး ပွက်အောင်အရင်ကြိုပါ။ ပွက်ပွက်ဆူလာရင် မီးလျော့ပြီး ရေအနည်း ငယ်ဖျော် ထားတဲ့  ကျောက်ကျောမှုန့် ကို ထည့်ပြီး ဝေမကျအောင် ခဏခဏမွှေပေးပါ။ ၁၀ မိနစ်ခန့်  ကြိုပြီးလျှင် နှစ်သက်ရာ ခွက်မှာ အအေးခံထားပါ။  ခဲသွားလျှင် ချိုချိုစိမ့်စိမ့်လေးနဲ့ စားလို့ ကောင်းတဲ့ နွားနို့ ကျောက်ကျော အချိုပွဲလေးကို သုံးဆောင်လို့ ရပါပြီ။

 

တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့် ထုပ်



Tuesday, July 17, 2012

ငှက်ပျောဂျုံပူတင်း

သမီးလေးက ငှက်ပျောသီးကြိုက်လို့  သူ့ ကိုပုံစံအမျိုးမျိုးလုပ်ပေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့အခေါက်က ထိုင်းစတိုင် ငှက်ပျောကြော်လုပ်ဖြစ်ပြီး ဒီတခေါက်မှာတော့ ငှက်ပျောဂျုံပူတင်းလေး လုပ်ဖြစ်ပါတယ်။ကလေးအတွက်ကော လူကြီးအတွက်ကော စားလို့ အဆင်ပြေတဲ့ အချိုပွဲလေးဖြစ်တဲ့အတွက်
 ကျမရဲ့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။  
အားလုံးပျော်ရွှင်ကြပါစေ။


ငှက်ပျောဂျုံပူတင်းအတွက် လိုအပ်တာတွေကတော့
ရခိုင်ငှက်ပျောသီး            ၇ လုံး
ကြက်ဥ                       ၃ လုံး
ဂျုံ                             1 cup
နွားနို့                          ½ cup
မာဂျရင်း                      အနည်းငယ်
သကြား                       ¼ cup

 ငှက်ပျောသီးကို  အရှည်လေးများ လှီးထားပါ

မာဂျရင်းထည့်ထားသောပန်းကန်းငယ်ကို  ပွက်ပွက်ဆူသည့်ရေထည့်ထားသော
 ပန်းကန်လုံးတွင် အရည်ပျော်သွားအောင်ခဏစိမ်ထားပါ။
 ပူတင်းပေါင်းရန်အတွက် အိုးကိုရေထည့်ပြီးတည်ထားပါ။

ဂျုံ ၊ နွားနို့  ၊ ခေါက်ထားသည့်ကြက်ဥ သကြားတို့ ကိုသမအောင် သေချာမွှေပေးပါ။
(အချိုကြိုက်လျှင် သကြားပိုထည့်လို့ ရပါတယ်။ ကျမကတော့ အချိုလျော့ထားပါတယ်။ )
မှုန့် သားပိုမိုနူးညံ့အောင်သေချာမွှေပေးရပါမည်။
 ပြီးလျှင် မာဂျရင်း  5 tsp ထည့်ပြီး သမအောင် ထပ်မွှေပေးပါ။

ပေါင်းမည့်ခွက်လေး(ကျမ စတီးခွက်ငယ်လေးကိုသုံးထားပါတယ်)ကို မာဂျရင်း သုပ်ပေးပါ။
ထို့ နောက် မုန့် နှစ်ရည်တ၀က်လောင်းထည့်ပြီးငှက်ပျောသီးတ၀က်ကို စီထည့်လိုက်ပါ။ 

ပေါင်းဖို့ အဆင့်ဖြစ်ပါပြီ။ (ပေါင်းမည့်ရေအိုး ပွက်ပွက်ဆူလာမှသာ ပေါင်းရပါမည်။)
ပထမ အလွှာကို 15 မိနစ်ခန့် ပေါင်းပြီး ကျန်ရှိတဲ့ မုန့် နှစ်ရည်နဲ့ ငှက်ပျောသီးတွေကို 
ပထမ အလွှာအတိုင်းလောင်းထည့်ပါ။  ကျန်ရှိနေတဲ့ မာဂျရင်း ကို မုန့် နှစ်ရည်အပေါ်ယံ 
နဲ့ ဘေးဖက်မှာ ဇွန်းလေးနဲ့ တဖြည်းဖြည်းချင်းလောင်းထည့်ပါ။
 နောက်ထပ် မိနစ် ၃၀ ခန့် ပေါင်းပေးပါ။

 အအေးခံပြီးလျှင် အရသာရှိတဲ့ ငှက်ပျောဂျုံပူတင်း ချိုစိမ့်လေး ကို ကြိုက်နှစ်သက်ရာ ရေနွေးကြမ်း ကော်ဖီ လက်ဖက်ရည် သစ်သီးဖျော်ရည် တို့ နဲ့ သုံးဆောင်နိုင်ပါပြီ။ 

အရသာရှိတဲ့ ငှက်ပျောဂျုံပူတင်း ချိုစိမ့်လေး

Friday, July 6, 2012

နဂါးမောက်သီးနှင့်ကျမ

နဂါးမောက်သီးနှင့်ကျမ

ကျမပြင်ဦးလွင်ရောက်ခါစ အိမ်မှာအချိုပွဲကိုဒီလိုလုပ်စားကြတယ်..ကျမအတွက်တော့ ထူးဆန်းနေခဲ့ပါတယ်။ ဒီနဂါးမောက်သီးကို ရိုးရိုးခွဲစားတတ်တာကလွဲလို့ မသိခဲ့ပါဘူး. နဂါးမောက်သီးမှာ အဖြူသီးနဲ့ အနီသီးနှစ် မျိုးရှိပါတယ်။ နဂါးမောက်သီးဟာ ကျန်းမာရေး အတွက်ကောင်းတယ်လို့  ကျမဖတ်ဖူးတယ်...တရုတ် လူမျိုး တွေတော်တော်များ များတော့ ကြိုက်ကြတယ်..ကျမတို့ အိမ်မှာတော့ နွားနို့ ကို သကြားလေးနဲနဲနဲ့ ဖျော်ပါတယ်။ ပြီးမှအသီးတွေကိုထည့်ပြီး ရေခဲခန်းမှာ ခဏထားလိုက်တယ်.....အဲဒါဆိုရင် အရသာရှိတဲ့ နဂါးမောက်သီးနွားနို့ အချိုပွဲလေးသုံးဆောင်လို့ ရပါပြီ။ နဂါးမောက်သီးကိုကြိုက်ရင် လုပ်စားကြည့်ကြပါနော်..


နဂါးမောက်သီး


နဂါးမောက်သီး(အနီ)


အစိပ်လေးတွေစိပ်လိုက်ပါတယ်


နွားနို့ တခွက်နဲ့ 


အသီးနဲ့ နွားနို့ ရောပြီးစားရင် အရသာရှိတဲ့အချိုပွဲလေးပေါ့။                                                                                   အချိုပိုကြိုက်ရင် သကြား တဇွန်းလောက်ထည့်စားပေါ့နော်..