Showing posts with label Vegetarian Food. Show all posts
Showing posts with label Vegetarian Food. Show all posts

Tuesday, September 11, 2012

Carrot Soup

     ခုတလော မိုးတွေလည်းရွာတော့ ဘာမှထူးထူးထွေထွေ သိပ်မချက်ဖြစ်ပါဘူး။ အင်တာနက်လိုင်း ကလည်းပျက်သွားလို့  ဘလော့ခ်ကနေ ခဏပျောက်သွားခဲ့ပါတယ်။ ဒီနေ့ လည်း မိုးအေးအေးနဲ့  ဥနီ Carrot Soup လေး လုပ်သောက်ဖြစ်ပါတယ်။
            မေမြို့ မှာ အသီးအရွက်တွေက လတ်ဆတ်တာများပါတယ်။ လတ်ဆတ်တဲ့အသီးအရွက်တွေနဲ့ Soup လေးတွေ လုပ်သောက်ရတာ အင်မတန်မှအရသာရှိပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး အချိန် ကုန်သက်သာစေပါတယ်။ ကျမ အမြဲလုပ်ဖြစ်တဲ့ Soup လေးတွေကတော့ ဥနီ ၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူး ၊ ဂေါ်ဖီထုပ် ၊ ပဲစိမ်းလုံး ၊ ဂေါ်ရခါးသီးတို့ ပဲဖြစ်ပါတယ်။ အသီးအရွက် Soup လေးဟာ ကျန်းမာရေး အတွက်လည်း အထူးသင့်လျော်ပြီး သားသတ်လွတ်စားတဲ့ ချစ်မိတ်ဆွေများအတွက်သာမက ၀ိတ်လျော့ ချင်နေတဲ့ ချစ်မိတ်ဆွေများအတွက်လည်း အဆင်ပြေစေတဲ့ Soup လေး အကြောင်းကို မျှဝေလိုက်ပါတယ်။  အားလုံးပဲ Soup သောက်ရင်း ပျော်ရွှင်နွေးထွေးကြပါစေ။               ။

Carrot Soup
 Carrot Soup လုပ်နည်းကတော့  

  • Carrot လေးတွေကို အခွံနွာ ၊ ရေဆေးပြီး အပိုင်းပိုင်းလေးတွေ ဖြတ်ထားပါ။ 
  • ပွက်ပွက်ဆူနေတဲ့ ရေမှာ ခပ်နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီ ၁ ဥ နဲ့ အတူ နူးသည်အထိ ပြုတ်ပေးပါ။
  •  နူးလာလျှင် ဆယ်ထားပြီး Blander နဲ့  ကြိတ်လိုက်ပါ။ 
  • ကြိတ်တဲ့ အချိန်မှာ အသီးပြုတ်ရည်တွေ နည်းနည်းချင်းလောင်းထည့်ပြီးမှကြိတ်ပါ။ 
  • မပျစ်မကျဲလေး ဖြစ်လာလျှင် အိုးတလုံးတွင် ထည့်ပြီး ပွက်အောင်ပြန်တည်လိုက်ပါတယ်။ 
  • ပွက်ပွက်ဆူလာလျှင် အိုးချပြီး ဆား ၊ ငရုတ်ကောင်းမှုန့်  ၊ နို့ စိမ်း(သို့ ) cream powder တွေထည့် နံနံပင်အနည်းငယ် အုပ်ပြီး အရသာရှိတဲ့ Carrot Soup လေးရပါပြီရှင် ။

 ဒီနည်းအတိုင်းပဲ ချစ်မိတ်ဆွေတို့ နှစ်သက်တဲ့ အသီးအရွက်တွေနဲ့ လည်း လုပ်နိုင်ပါတယ်။
Tomato Soup

Tuesday, August 28, 2012

မှိုထမင်းသုပ်

မင်္ဂလာပါရှင်......ဒီနေ့ ရိုးရိုးလေးနဲ့  စားလို့ ကောင်းတဲ့ သားသတ်လွတ် မှိုထမင်းသုပ်လေးအကြောင်း ကိုမျှဝေလိုက်ပါတယ်။ ခုလိုမိုးရာသီချိန်ခါမှာ မှိုတွေပေါများလို့ ခဏခဏ၀ယ်စားဖြစ်ပါတယ်။ မှိုကြော် တွေလည်း  ဒေါ်လေးဆီက  ခဏခဏလက်ဆောင်ရတာနဲ့ အဲဒီမှိုကြော်လေးကို တခုခုလုပ်စား ဖို့ 
စဉ်းစားရင်း မှိုထမင်းသုပ်လုပ်ဖြစ်သွားခဲ့ပါတယ်။ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားရတာ အဆင်ပြေလို့  လုပ်နည်းကို မျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ ။               ။

ဒေါ်လေးဆီက လက်ဆောင်ရတဲ့ မှိုကြော်

မှိုထမင်းသုပ် သုပ်ပြီး

အဆင်သင့်သုံးဆောင်နိုင်ပါပြီရှင်

မှိုထမင်းသုပ်အတွက်လိုအပ်တာလေးတွေကတော့

  • ထမင်းဖြူ                          တရုတ်ပန်းကန်လုံး ၁ လုံး
  • ပဲငံပြာရည်အနောက်             1 tb sp
  • သံပုရာသီး                         တစ်စိတ်
  • မှိုကြော်                            အနည်းငယ်
  • မှိုကြော်ဆီ                         အနည်းငယ်
  • ငရုတ်သီးဆီချက်                  အနည်းငယ်

ထမင်းသုပ်နှင့်တွဲဖက်စားရန် ငရုတ်သီးစိမ်း ၂ တောင့် ၊ ဥနီနုနုလေး ၁ ဥ ၊ ခရမ်းချဉ်သီး ၁ လုံး ၊ မုန်ညင်းဖြူ ၁ ရွက် ၊ ကြက်သွန်ဖြူ ၃ ဥ ၊ ပါးပါးလှီးထားတဲ့ သံပုရာသီး ၁ ချပ် တို့ လိုအပ်ပါတယ်။

ပထမဆုံး ထမင်းဖြူကို ဇလုံလေးတခုထဲမှာထည့်ပြီး ပဲငံပြာရည်အနောက် ၊ သံပုရာသီး ၊ မှိုကြော်နှင့်ဆီ ၊ ငရုတ်သီးဆီချက် တို့ ထည့်ပါ။ ပြီးလျှင်လက်အိပ်လေးစွပ်ပြီး သမအောင်နှယ်လိုက်ပါ။ အရသာ အပေါ့အငံမြည်းပြီး သန့် စင်စွာဆေးကြောထားတဲ့ ငရုတ်သီးစိမ်း ၊ ဥနီနုနုလေး ၊ ခရမ်းချဉ်သီး  မုန်ညင်းဖြူ ၊ ကြက်သွန်ဖြူ ၊ သံပုသီးချပ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီရှင် ။             ။



Wednesday, August 8, 2012

Vermicelli Salad,Asian Style

သားသတ်လွတ်စားချင်တဲ့ ချစ်မိတ်ဆွေများအတွက် လုပ်ရတာလွယ်ကူ အချိန်ကုန်သက်သာပြီး ချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ ကောင်းတဲ့ ဆန်ကြာဇံသုပ်လေးပါ။







ဆန်ကြာဇံသုပ်အတွက်လို အပ်တာတွေကတော့
၁။ဆန်ကြာဇံ 50 g
၂။ပဲငံပြာရည် 1 tb sp
၃။သကြား 1/2 tsp
၎။Olive Oil(with garlic) 1 tsp (City Mart တွင်ဝယ်နိုင်ပါသည်)
၅။Coriander Powder 1/2 tsp (City Mart တွင်ဝယ်နိုင်ပါသည်)
၆။ငြုတ်ကောင်း အနည်းငယ်
၇။သံပုရာသီး တစိပ်
၈။ဥနီ အနည်းငယ်
၉။ငရုတ်သီးစိမ်း အနည်းငယ်
၁၀။ငရုပ်ပွစိမ်း အနည်းငယ်(အလှဆင်ရန်)
၁၁။ခရမ်းချဉ်သီး တခြမ်း(အလှဆင်ရန်)
၁၂။ကြက်သွန်မြိတ် အနည်းငယ်(အလှဆင်ရန်)

ကြာဆံကို အရင်ဆုံးပြုတ်လိုက်ပါ။ ပြုတ်နေစဉ် ကြာဆံမပြဲသွားစေရန်သတိထားရပါမည်။
အမှတ်စဉ် ၁ မှ ၉ ထိကို ပန်းကန်လုံး တခုတွင် ရောမွှေပြီး ပန်းကန်ပြားတွင်ထည့်ထားသော ကြာဆံပေါ်တွင် လောင်းချပါ။ ကြက်သွန်ဖြူရနံ့ မွှေပြီး အရသာရှိန်းရှန်းလေးရှိတဲ့ Olive Oil နဲ့  အရသာလေးလေးပင်ပင်ရှိတဲ့ Coriander Powder တို့ ကြောင့် ထူးခြားပြီး အရသာရှိတဲ့ ဆန်ကြာဇံချဉ်စပ်သုပ်လေးကို သုံးဆောင်နိုင်ပါပြီ။