Wednesday, August 8, 2012

Vermicelli Salad,Asian Style

သားသတ်လွတ်စားချင်တဲ့ ချစ်မိတ်ဆွေများအတွက် လုပ်ရတာလွယ်ကူ အချိန်ကုန်သက်သာပြီး ချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ ကောင်းတဲ့ ဆန်ကြာဇံသုပ်လေးပါ။







ဆန်ကြာဇံသုပ်အတွက်လို အပ်တာတွေကတော့
၁။ဆန်ကြာဇံ 50 g
၂။ပဲငံပြာရည် 1 tb sp
၃။သကြား 1/2 tsp
၎။Olive Oil(with garlic) 1 tsp (City Mart တွင်ဝယ်နိုင်ပါသည်)
၅။Coriander Powder 1/2 tsp (City Mart တွင်ဝယ်နိုင်ပါသည်)
၆။ငြုတ်ကောင်း အနည်းငယ်
၇။သံပုရာသီး တစိပ်
၈။ဥနီ အနည်းငယ်
၉။ငရုတ်သီးစိမ်း အနည်းငယ်
၁၀။ငရုပ်ပွစိမ်း အနည်းငယ်(အလှဆင်ရန်)
၁၁။ခရမ်းချဉ်သီး တခြမ်း(အလှဆင်ရန်)
၁၂။ကြက်သွန်မြိတ် အနည်းငယ်(အလှဆင်ရန်)

ကြာဆံကို အရင်ဆုံးပြုတ်လိုက်ပါ။ ပြုတ်နေစဉ် ကြာဆံမပြဲသွားစေရန်သတိထားရပါမည်။
အမှတ်စဉ် ၁ မှ ၉ ထိကို ပန်းကန်လုံး တခုတွင် ရောမွှေပြီး ပန်းကန်ပြားတွင်ထည့်ထားသော ကြာဆံပေါ်တွင် လောင်းချပါ။ ကြက်သွန်ဖြူရနံ့ မွှေပြီး အရသာရှိန်းရှန်းလေးရှိတဲ့ Olive Oil နဲ့  အရသာလေးလေးပင်ပင်ရှိတဲ့ Coriander Powder တို့ ကြောင့် ထူးခြားပြီး အရသာရှိတဲ့ ဆန်ကြာဇံချဉ်စပ်သုပ်လေးကို သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment