Showing posts with label Shan food. Show all posts
Showing posts with label Shan food. Show all posts

Friday, August 24, 2012

မုန်ညင်းစောဟင်းရည်

ဒီတပါတ်ကျမ ရှမ်းအစားအစာတခုဖြစ်တဲ့ မုန်ညင်းစောဟင်းရည် လုပ်နည်းလေးကို မျှဝေချင်ပါတယ်။ လုပ်နည်းလေးက ရေးထားတာကြာပြီဖြစ်ပါတယ်။ လုပ်ရတာ လွယ်ကူတဲ့အတွက် ချစ်မိတ်ဆွေများ ရဲ့အိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ ဟင်းရည်လေးတမျိုးဖြစ်ပါတယ်။ ဒီဟင်းရည်လေးကို ပဲပုပ်အစပ်ကြော်နဲ့ တွဲစားရင် အရမ်းလိုက်ဖက်ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ။


မုန်ညင်းစော

မုန်ညင်း                           ၁ စည်း
ခရမ်းချဉ်သီး                     ၃ လုံး
ကြက်သွန်နီကြီး                 ၁ ဥ
ဝက်ရိုး                            ၂၅ ကျပ်သား
မန်ကျည်းမှည့် အရည်         အနည်းငယ်(အချိုကြိုက်လျှင် မန်ကျည်းအစား ကြံသကာထည့်ကြသည်)
ငြုတ်သီးစိမ်း                      အနည်းငယ်
နံနံပင်                               အနည်းငယ်
ဆား                                 အနည်းငယ်
ဆီ                                    ထမင်းစားဇွန်း ၁ ဇွန်း
အသားမှုန့်                        (ကြိုက်လျှင် လက်ဖက်ရည်ဇွန်း တ ဇွန်း)

မုန်ညင်းကို သန့် စင်စွာဆေးကြောပြီး.၂ လက်မ အရွယ် လှီးပြီး ချက်မည့်အိုးထဲ ထည့်ထားပါ...ခရမ်းချဉ်းသီးနဲ့ ကြက်သွန်နီတို့ ကိုလည်း တောက်တောက်စင်း(သို့ )ကြိတ်ထည့်လိုက်ပါ...၀က်ရိုး ၊ ဆီ ၊ ဆား တို့ ကိုထည့်ပြီး....လုံးချက်လိုက်ပါ.....အနံ့ မွှေးလာပြီး ရေခန်းသွားလျှင်....ရေမြုပ်ရုံဖြည့်ပြီး (.ရေခန်းလျှင်ရေထပ်ဖြည့်ပါ)     မုန်ညင်းနဲ့ ဝက်ရိုးတွေ နူးလာသည်အထိမီးအေးအေးနဲ့ တည်ထားပါ...နူးလာလျှင် မန်းကျည်းမှည့်အရည်လိုသလောက်ထည့်လိုက်ပါ...အရသာအနေတော်လျှင်...အိုးချကာ..ငြုတ်သီးစိမ်းနဲ့ နံနံပင်အုပ်ပြီး...သုံးဆောင်နိုင်ပါပြီ...

Monday, July 30, 2012

ဝက်သားမုန်ညင်းချဉ်ကြော်

ဒီဟင်းလေး ဟာ ထမင်းပူပူလေးနဲ့ တွဲစားလိုက်ရင် ကျမအတွက်တော့ ဘာမှထပ်မလိုတော့ဘူး။ ထမင်းအင်မတန်မြိန်စေပါတယ်။ ကျမ တောင်ကြီးရောက်မှ ဒေါ်လေးရဲ့ အိမ်မှာ ပထမဆုံးစားဖူးခဲ့ပါတယ်။ ရှမ်းထမင်းဟင်းဆိုင်တွေမှာတော့ အမြဲတွေ့ ရတဲ့ ဟင်းလေးတမျိုးပေါ့။ ဒီဟင်းလေးဟာ ချက်ရတာ လွယ်ကူပြီး ကျမရဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ။



ဝက်သားမုန်ညင်းချဉ်ကြော်အတွက် လိုအပ်တာလေးကတော့
ဝက်သား(ကြက်သားနဲ့ လည်းချက်နိုင်ပါတယ်)    ပန်းကန်လုံး တလုံး
ခရမ်းချဉ်သီး                              တလုံး
ဥနီ                                         တ ဥ
ကြက်သွန်နီ                             ၁ ဥ

မုန်ညင်းချဉ်လေးတွေကို အပိုင်းငယ်လေးများဖြစ်အောင် လှီးထားပါ။
ဆီ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ကို အပူပေးပြီး ၀က်သာကိုအရင်ကြော်ပေးပါ။
 ကြက်သွန်နီထည့်ကြော်ပါ။ ဆား အနည်းငယ်ထည့်ပါ။ အနံ့ လေးမွှေးလာလျှင် ဥနီနှင့်
မုန်ညင်းချဉ်တို့ ကို ထည့်ကြော်ပါ။ အသားမှုန့်  1 tsp ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီး
ခဏအုပ်ထားပါ။ ရေခမ်းသွားလျှင် အရသာပေါ့အငံ မြည်း ခရမ်းချဉ်သီးထည့်မွှေပြီး သုံးဆောင်နိုင်ပါပြီ။


ထမင်းမြိန်စေတဲ့ ၀က်သားမုန်ညင်းချဉ်ကြော်