Showing posts with label အကြော်များ. Show all posts
Showing posts with label အကြော်များ. Show all posts

Monday, July 30, 2012

မုန့် လက်ကောက်

မုန့် လက်ကောက်
ကျမ ဟင်းတွေချက်တာပို နှစ်သက်ပျော်ရွှင်မိပါတယ်။ ဟင်းတွေတော့ သိပ်မချက်ဖြစ်သေးပါဘူး။
မုန့် လေးတွေတော့ လုပ်စားဖြစ်ပါတယ်။ ဒီ တခေါက်တော့ ကျမ အကြိမ်ကြိမ် အခါခါ လုပ်ကြည့်ပြီး အဆင်ပြေလာတဲ့ မုန့် လက်ကောက်လေး ရဲ့ နည်းလေးကို မျှဝေချင်ပါတယ်။ ဒီမုန့် လေးစလုပ်တုန်းက ဆို မာမာသွားလို့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ရပါတယ်။
မုန့် လက်ကောက်ကိုတော့ မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီသားပါနော်။


မုန့် လက်ကောက်နဲ့ တို့ စားဖို့ ကြံသကာခဲလေးပါ။ ထန်းလျက်ခဲလေးတွေသုံးလည်းရပါတယ်။
ကြံသကာရည်လေးနဲနဲပြစ်လာလျှင် ချပြီးအအေးခံထားပါ။

ကြံသကာခဲလေးကို ရေမြုပ်ရုံထည့်ပြီး အိုးတလုံးမှာ မီးအနေတော်နဲ့ ကြိုထားပါတယ်

မုန့် လက်ကောက်လုပ်ဖို့  လိုအပ်တဲ့ ကောက်ညင်းဆန်မှုန့် ပါ

ကောက်ညင်းဆန်မှုန့်   2 cups
ရေသန့်                1 cup
နှမ်းနက်လေးများ            အနည်းငယ်

ရေသန့် ကို တဖြည်းဖြည်းချင်း ထည့်ပြီး ခပ်နာနာလေးနှယ်ပေးပါ။
လက်မှာ မကပ်တော့ရင်ရပါပြီ။ နှယ်ပြီးပြီးချင် ကြော်ပေးရပါမယ်။

ကြက်ဥတလုံး ရဲ့အကာ ကိုယူပြီး မုန့် လေးကိုနှစ်ဖက်စလုံးနှစ်ပေးပါ။ မုန့် မပေါက်စေရန်ဖြစ်ပါတယ်။

မုန့် လေးကို မီးအနေတော်လေးနှင့် sec. အနည်းငယ်ကြော်ပေးပါ။ 
နှစ်ဖက်စလုံး အ၀ါရောင်းလေးသန်းလာလျှင် ဆယ်လို့ ရပါပြီ။

နူးညံ့ပြီး အရသာရှိတဲ့ မုန့် လက်ကောက်လေးရပါပြီ


Saturday, July 14, 2012

ဂေါ်ဖီထုပ် အကြော်


ပိတ်ရက်မှာ ကျမ အကြော်ကြော်စားဖြစ်ပါတယ်။ အသီးအရွက်တွေကို ကျမအရမ်းကြိုက်ပါတယ်။ ဒီတခေါက်လည်း စားနေကျ အကြော်တွေအစား ကျမက အိမ်မှာရှိနေတဲ့ ဂေါ်ဖီထုပ်လေးကို စမ်းကြော်စားကြည့်တာ စားလို့ ကောင်းတာနဲ့  ကျမရဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ပါစေ။


အကြော် ၁၄ ခုစာ အတွက်
            ကော်ဖီထုပ်  ¼
ဂျုံမှုန့်             1 cup
ဆန်မှုန့်           ½ cup
ဆား               1 tsp
အသားမှုန့်         အနည်းငယ်
ငရုတ်ကောင်း      အနည်းငယ်
ရေသန့်             1 cup
ကြက်ဥ             ၁ လုံး
        

ဂျုံမှုန့်             1 cup
ဆန်မှုန့်           ½ cup
ဆား               1 tsp
အသားမှုန့်         အနည်းငယ်
ငရုတ်ကောင်း      အနည်းငယ်
ရေသန့်             1 cup
ကြက်ဥ             ၁ လုံး တို့ ကို သမအောင်နှယ်လိုက်ပါ။

ဂေါ်ဖီထုပ် ကို ပါးပါးလှီးထားပါ


 အားလုံးကို ရောနှယ်လိုက်ပါ


ကြက်ဥကြော်တဲ့ ပုံစံခွက်လေးထဲထည့်ပြီး ကြော်ပါ။
ပုံစံခွက်ထဲမှာ ခဏထားပြီး ကြော်ရပါမယ်။
 နှစ်ဖက်စလုံး ရွှေဝါရောင်သန်းလာလျှင် ဆယ်လို့ ရပါပြီ။

 

အရသာ တမျိုးထူးခြားတဲ့ ဂေါ်ဖီထုပ်အကြော်လေးကို 

ကြိုက်နှစ်သက်ရာ ဆော့စ်နှင့်သုံးဆောင်လို့  ရပါပြီ


Sunday, July 8, 2012

ထိုင်းစတိုင် ငှက်ပျောကြော်


ကျမ ထိုင်းနယ်စပ်မြို့ မှာ စားဖူးခဲ့တဲ့ ငှက်ပျောကြော်ကို ခုထိအရသာမမေ့နိုင်ခဲ့ပါ။ တနေ့ ကျရင် လုပ်စားဖြစ်အောင်လုပ်မယ်လို့ အားခဲထားရာကနေ ဒီနေ့ မှ လုပ်စားဖြစ်ပါတယ်။ ကျမတို့ စားနေကျ ငှက်ပျောကြော်ထက်ကို အရသာ တမူထူးခြားပြီး အုန်းနို့ ကြိုက်သူ ချစ်မိတ်ဆွေများအတွက် ကျမရဲ့နည်းလေးကို မျှဝေချင်ပါတယ်။



4oo ml အုန်းနို့ တစ်ဗူး


ရခိုင်ငှက်ပျောသီး ၉ လုံး ကို အခွံနွာထားပါ


နှမ်းအဖြူ နဲ့ အနက် အနည်းငယ်


ဂျုံမှုန့်  1 1/2 cup
အုန်းနို့ 1 1/2cup
ရေသန့်  1/2 cup
သကြား 1 tsp
ဆား အနည်းငယ်
နှမ်းအဖြူနဲ့ အနက် တို့ အားလုံးကို သမအောင်နှယ်လိုက်ပါ။

 

ငှက်ပျောသီးလေးများ မုန့် နှစ်ရည်မှာ နှစ်ပြီး ဆီများများနှင့် ကြော်ပါ။                                                                       နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ။


ကြော်ပြီးတဲ့ငှက်ပျောသီးကို ထက်ခြမ်းခြမ်းလိုက်ပါတယ်


အရသာရှိတဲ့ ထိုင်းစတိုင် ငှက်ပျောကြော်
 အုန်းနို့ ရနံ့ သင်းသင်းလေးနဲ့ ချိုချိုစိမ့်စိမ့်လေးရပါပြီ

 

ကျန်နေတဲ့မုန့် နှစ်ရည်ကို ဗူးမှာကျန်နေတဲ့အုန်းနို့ ရည်လေးထည့်လိုက်ပါတယ်။

ပြီးလျှင် သကြား 3 tsp ထပ်ထည့်ပြီး သကြားကြေသွားအောင်မွှေလိုက်ပါတယ်။

 ပြီးလျှင် မုန့် နှစ်ရည်ကို မကပ်တဲ့အိုးမှာ ဆီအနည်းငယ်ထည့်ပြီး ကြော်လိုက်ပါတယ်။ 

အရသာရှိပြီး အုန်းနို့ ရနံ့ သင်းသင်းလေးနဲ့ မုန့် အိအိ ချိုချိုလေးရပါပြီ။