Saturday, July 14, 2012

ဂေါ်ဖီထုပ် အကြော်


ပိတ်ရက်မှာ ကျမ အကြော်ကြော်စားဖြစ်ပါတယ်။ အသီးအရွက်တွေကို ကျမအရမ်းကြိုက်ပါတယ်။ ဒီတခေါက်လည်း စားနေကျ အကြော်တွေအစား ကျမက အိမ်မှာရှိနေတဲ့ ဂေါ်ဖီထုပ်လေးကို စမ်းကြော်စားကြည့်တာ စားလို့ ကောင်းတာနဲ့  ကျမရဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ပါစေ။


အကြော် ၁၄ ခုစာ အတွက်
            ကော်ဖီထုပ်  ¼
ဂျုံမှုန့်             1 cup
ဆန်မှုန့်           ½ cup
ဆား               1 tsp
အသားမှုန့်         အနည်းငယ်
ငရုတ်ကောင်း      အနည်းငယ်
ရေသန့်             1 cup
ကြက်ဥ             ၁ လုံး
        

ဂျုံမှုန့်             1 cup
ဆန်မှုန့်           ½ cup
ဆား               1 tsp
အသားမှုန့်         အနည်းငယ်
ငရုတ်ကောင်း      အနည်းငယ်
ရေသန့်             1 cup
ကြက်ဥ             ၁ လုံး တို့ ကို သမအောင်နှယ်လိုက်ပါ။

ဂေါ်ဖီထုပ် ကို ပါးပါးလှီးထားပါ


 အားလုံးကို ရောနှယ်လိုက်ပါ


ကြက်ဥကြော်တဲ့ ပုံစံခွက်လေးထဲထည့်ပြီး ကြော်ပါ။
ပုံစံခွက်ထဲမှာ ခဏထားပြီး ကြော်ရပါမယ်။
 နှစ်ဖက်စလုံး ရွှေဝါရောင်သန်းလာလျှင် ဆယ်လို့ ရပါပြီ။

 

အရသာ တမျိုးထူးခြားတဲ့ ဂေါ်ဖီထုပ်အကြော်လေးကို 

ကြိုက်နှစ်သက်ရာ ဆော့စ်နှင့်သုံးဆောင်လို့  ရပါပြီ


6 comments:

  1. လွယ်လွယ်ကူကူကြော်စားလို့ရတာလေးဘဲ ခမ်းရေ...စားချင်စရာ..ကြော်စားဦးမယ်...Thank you. :))

    ReplyDelete
  2. စမ်းကြည့်ဦးမယ် ခမ်းရေ စားချင်စရာကောင်းလိုက်တာ

    ReplyDelete
  3. Thank you, Chit Ma Min,and Su :D

    ReplyDelete
  4. i will try to cook on next day....thanks for sharing

    ReplyDelete