Wednesday, July 11, 2012

အမေးထူသူ



ဘာမှန်းမသိတဲ့ အချိန်ခါ

ဘယ်လိုမှ မထင်မှတ်တဲ့နေရာမှာ

ဘယ်နေရာမှ မဆုံဖူးတဲ့သူကို

ဘာကြောင့်ဘယ်လို ရင်းနှီးနေမိပါလိမ့်။

ဘာတွေမေးလို့  ဘာတွေဖြေခဲ့သလဲလို့ 

ပြန်တွေးမိနေဆဲ..

ဘာကြောင့် ဒီလောက်တောင် အမေးအမြန်းထူ

ဘယ်ကိုသွားလို့  ဘယ်ကလာ ဆိုသလို

ဘာကြောင့်ဘယ်လိုမှန်းမသိဘဲ

ဘယ်လိုမှအမည်တပ်လို့ မရအောင်

နွေးထွေးမှုတခုကို လှိုက်ခနဲ ခံစားလိုက်ရမိပြီ ။      ။

No comments:

Post a Comment