Saturday, July 21, 2012

နွေးထွေးစေသောချစ်ခြင်း

နွေးထွေးစေသောချစ်ခြင်း

ချစ်စရာကောင်းလို့ 
ချစ်မိတာ မဟုတ်ပါ။

တည်ကြည်ခန့် ညားလို့ 
မြတ်နိုးမိတာလည်း မဟုတ်ပါ။

ဖြူစင်တဲ့စိတ်သဘောထားကြောင့်လည်း
တွယ်တာမိတာ မဟုတ်ပါ။

အနေနီးလို့ 
သံယောဇဉ် ဖြစ်မိတာလည်း မဟုတ်ပါ။

ဘာအကြောင်းပြချက်မှ
ပေးလို့ မရနိုင်လောက်အောင်
နက်ရှိုင်းတဲ့ ဒီနှလုံးသား
တစ်နေရာရာကနေ
အလိုအလျောက်
ဖြစ်ပေါ်လာတဲ့
နွေးထွေးသော 
ခံစားမှု တစ်ခုကြောင့်သာ
မင်းကိုချစ်မိတာပါ ။             ။

2 comments:

  1. ခမ်းရေ ဒီစာလေးမှာသုံးထားတဲ့ ပုံလေး တအားမိုက်တယ် စုကြိုက်တယ်

    ReplyDelete
  2. Thank you,Su yay.I took it in Dec,2009 :)

    ReplyDelete