Thursday, July 12, 2012

Yadanabon အမှတ်တရ

Yadanabon အမှတ်တရ


မနက် ၆ နာရီမှာ အိပ်ရာထ
ဆောင်ရွက်လိုက်တဲ့ Morning Bussines
၇ နာရီမှာ စက်ဘီးတစီးနဲ့ 
လူထူတဲ့ Main နောက်ပေါက်က
ရတနာပုံ ကားဂိတ်ကိုသွား
စောလွန်းလျှင်လည်း လူမပြည့်သေးလို့ 
စောင့်လိုက်ရတဲ့ ကားထွက်ချိန်
နောက်ကျလျှင်လည်း လူပြည့်နေလို့ 
ပြေးရှာလိုက်ရတဲ့ နေရာလွတ်
မိုးရာသီရောက်လျှင် ကားဘေးခုံမိုးပက်လို့ 
ပြေးလုနေရတဲ့ အလယ်တန်း
ကားစထွက်မယ့် Signboard အောက်ရောက်တော့
တွယ်စီးသူတွေ..ခေါင်မိုးပေါ်စီးသူတွေမရှိသေးလို့ 
မျှော်လိုက်ရတဲ့ ထိုကျေးဇူးရှင်တွေ
၈ နာရီမှာ ကျောင်းတော်ကြီးကို ဘွားခနဲ....လှမ်းမြင်လိုက်ရ
၈း၄၀-၁၂း၀၀ မှာ လက်ချာလိုက်
လက်ချာပြီးချိန်ရောက်တော့
နေပူကျဲကျဲအောက်မှာ ကားနေရာရဖို့ 
ပြေးရလို့  ကမန်းကတန်း
ဘယ်ကားအရင်ထွက်မှာလဲ ? 
ဂိတ်မှူးကို လိုက်မေးနေရတာအမော
ကားနံပါတ်သိသိချင်း...ပြေးရှာရတာ..ပျော်စရာ
လတ်ဆတ်တဲ့ရာသီအသီး ၊ အသုပ်စုံ ၊ အချဉ်ပေါင်းတွေစားရင်း
ကားထွက်ချိန်ကိုထိုင်စောင့်
ကားလည်းမထွက်သေးပါလား...
လွတ်ပြန်ပြီကွာ ဒီနေ့ နေ့ လည်စာ !
၂ နာရီမှ အဆောင်ရောက်
အားပါးတရ စားလိုက်ရတဲ့
နေ့ လည်နဲ့ ညစားကြားက အမည်မသိ
အစာစားချိန်က အရသာ
ပင်ပန်းနွမ်းနယ်မှုတွေကို
သံစဉ်ချိုနဲ့ ဖြေဖြောက်ရင်း
ညအချိန်စာကြည့်ဖို့ အားမွေးမြူ
ဘယ်လောက်ပဲပင်ပန်းပင်ပန်း
ပျော်ရွှင်စရာ ၊ စိတ်ညစ်စရာ ၊ ကြည်နူးစရာ
ရသစုံလင် ပေးစွမ်းနိုင်တဲ့
တို့ ရတနာပုံကျောင်းတော်ကြီးဆီကို
ပညာရည်နို့  သောက်စို့ ဖို့ 
မပျက်ကွက်ခဲ့ပါ ။               ။


2 comments: