Sunday, July 8, 2012

ထိုင်းစတိုင် ငှက်ပျောကြော်


ကျမ ထိုင်းနယ်စပ်မြို့ မှာ စားဖူးခဲ့တဲ့ ငှက်ပျောကြော်ကို ခုထိအရသာမမေ့နိုင်ခဲ့ပါ။ တနေ့ ကျရင် လုပ်စားဖြစ်အောင်လုပ်မယ်လို့ အားခဲထားရာကနေ ဒီနေ့ မှ လုပ်စားဖြစ်ပါတယ်။ ကျမတို့ စားနေကျ ငှက်ပျောကြော်ထက်ကို အရသာ တမူထူးခြားပြီး အုန်းနို့ ကြိုက်သူ ချစ်မိတ်ဆွေများအတွက် ကျမရဲ့နည်းလေးကို မျှဝေချင်ပါတယ်။



4oo ml အုန်းနို့ တစ်ဗူး


ရခိုင်ငှက်ပျောသီး ၉ လုံး ကို အခွံနွာထားပါ


နှမ်းအဖြူ နဲ့ အနက် အနည်းငယ်


ဂျုံမှုန့်  1 1/2 cup
အုန်းနို့ 1 1/2cup
ရေသန့်  1/2 cup
သကြား 1 tsp
ဆား အနည်းငယ်
နှမ်းအဖြူနဲ့ အနက် တို့ အားလုံးကို သမအောင်နှယ်လိုက်ပါ။

 

ငှက်ပျောသီးလေးများ မုန့် နှစ်ရည်မှာ နှစ်ပြီး ဆီများများနှင့် ကြော်ပါ။                                                                       နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ။


ကြော်ပြီးတဲ့ငှက်ပျောသီးကို ထက်ခြမ်းခြမ်းလိုက်ပါတယ်


အရသာရှိတဲ့ ထိုင်းစတိုင် ငှက်ပျောကြော်
 အုန်းနို့ ရနံ့ သင်းသင်းလေးနဲ့ ချိုချိုစိမ့်စိမ့်လေးရပါပြီ

 

ကျန်နေတဲ့မုန့် နှစ်ရည်ကို ဗူးမှာကျန်နေတဲ့အုန်းနို့ ရည်လေးထည့်လိုက်ပါတယ်။

ပြီးလျှင် သကြား 3 tsp ထပ်ထည့်ပြီး သကြားကြေသွားအောင်မွှေလိုက်ပါတယ်။

 ပြီးလျှင် မုန့် နှစ်ရည်ကို မကပ်တဲ့အိုးမှာ ဆီအနည်းငယ်ထည့်ပြီး ကြော်လိုက်ပါတယ်။ 

အရသာရှိပြီး အုန်းနို့ ရနံ့ သင်းသင်းလေးနဲ့ မုန့် အိအိ ချိုချိုလေးရပါပြီ။ 


6 comments:

  1. အရသာရှိလိုက်မယ့် ဖြစ်ခြင်း...ပြောရင်းနဲ့စားချင်လာပြီ...သူငယ်ချင်းရေ..

    ReplyDelete
  2. Enjoy,my friend,Shwe Minn Tharr.Thanks for visiting :D

    ReplyDelete
  3. သမီးကိုကြော်ကျွေးမယ်ခမ်းရေ

    ReplyDelete
    Replies
    1. Pls try Su yay.My daughter loves it too :)

      Delete
  4. စားချင်စရာလေးခမ်းရေ

    ReplyDelete